
အခုဆိုရင် Red Link ကနေပြီး wi-fi အသုံးပြုနိုင်တဲ့နေရာတွေကို အခပေးစနစ်နဲ့ပေးလိုက်သလို အခမဲ့အသုံး ပြုနိုင်တဲ့နေရာတွေက ရန်ကုန်မြို့အနှံ့အပြားမှာ ပေါ်ပေါက်လာပြီဖြစ်တာကြောင့် ခေတ်မှီ တဲ့ လူကြီးတွေ၊ ကျောင်းသားနဲ့လူလတ်ပိုင်းအများအပြားက သူတို့လက်ထဲမှာ ရှိနေတဲ့ handset တွေ ကနေတဆင့် အီးမေးပို့တာတွေ၊ အင်တာနက်အသုံးပြုတာတွေကို ပိုမိုပြုလုပ် လိုလာ ကြပါတယ်။ သို့ပေမယ့်အဓိက အခက်အခဲက အဲဒီ Handset ကို ဘယ်လို wi-fi connection ရယူချိတ်ဆက်မယ်ဆိုတဲ့နည်းပညာ ပိုင်းအားနည်း နေလို့ အခက်အခဲ ဖြစ်ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနည်းပညာကို ပိုမို တွင်ကျယ်အောင် ဖြန့်ဝေရာမှာ တဦး ကိုတဦး ပြန်သင်ပြခြင်းကိုသာ အဓိကထားနေကြရကြောင်းနှင့် နည်းပညာအပြင် မိမိ handset တိုင်းကလဲ အလုပ်လုပ်နိုင်၏ မလုပ်နိုင်၏ဆိုတဲ့အပိုင်း လဲ သိရှိမှုနားလည်မှုအားနည်းနေတာတွေ့ရပါတယ်။
လက်ရှိအချိန်မှာတော့ မော်ဒယ်မြင့်ဟန်းဆက် အများအပြားကို ကိုင်ဆောင်သူများလာတာကြောင့် ဒီဈေးကွက်နဲ့ယဉ်ကျေးမှုကတော့မကြာခင်တိုးတက်ဖွယ်ဖြစ်တယ်လို့အချို့ကသုံးသပ်ပြီး အချို့ကတော့ ဒီနည်းပညာအခက်အခဲကို နားလည်မှုမရှိတာကြောင့်မချိတင်ကဲဖြစ်ရတယ်လို့သိရှိရပါတယ်။
ကမ္ဘာတစ်ဝန်းလုံးရှိ ဘလော့ဂါအများဆုံး
အသုံးပြုသည့် ဘလော့ ပလက်ဖောင်းတစ်ခု ဖြစ်သော ဂူးဂဲလ် ဘလော့စပေါ့
ဆာဗာများအလုပ်မလုပ်၍ ယနေ့ မနက်အစောပိုင်းမှ စ၍ ဘလော့ဂါများအနေနဲ့
ဘလော့ဂင်းလုပ်၍ မရနိုင်ကြောင်း ဘလော့ဂါများထံမှ သိရှိရပါသည်…။
တချို့ ဒိုမိန်းနိမ်းပြောင်းထားသော ဘလော့များမှာ ဟုမ်းပေ့ခ်ျအထိ ၀င်ရောက်ကြည့်ရှုနိုင်ပြီး
တခြား Host များသို့ ကူပြောင်းလို့မရကြောင်း ဘလော့ဖတ်သူများထံမှာလည်း သိရပါတယ်…
ဂူးဂဲလ်ကုမဏီက ပြင်ဆင်မှုများ လျင်မြန်စွာပြုလုပ်နေကြောင့် ဖေ့ဘုတ်စ် စာမျက်နှာတွင် ဖော်ပြထားပါသည်
မြန်မာ ဘလော့ကာများမှ ၎င်းတို့၏ Official Website တစ်ခုကို မကြာမှီ အွန်လိုင်းပေါ်သို့ လွှင့်တင် နိုင်တော့မည် ဖြစ်ကြောင်း ကြားသိရသည်။ အဆိုပါ ဝက်ဘ်ဆိုက် နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မသိရသေးသော်လည်း ၎င်းဆိုက်အား ပြင်သစ် CMS နည်းပညာ ဖြစ်သော SPIP ဖြင့် ရေးဆွဲသွား မည် ဖြစ်ကြောင်း ဝက်ဘ်ဆိုက် ရေးဆွဲနေသူ ဘလော့ကာ တစ်ဦးမှ Yangon Vision ကိုပြောကြားသွားခဲ့ပါသည်။
The Yangon Vision သည် လွတ်လပ်သော သတင်းသမားများမှ စုစည်း တည်ထောင်ထားခြင်း ဖြစ်ပြီး ဘက်မလိုက်သော သတင်းဌာန အဖြစ် ရပ်တည်သွားမည် ဖြစ်ပါသည်။